(COVID-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

 

(၂၃-၁၁-၂၀၂၀)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ လမ်းသေးမှော်ကျေးရွာ၊ ခမောင်းတောကျေးရွာ၊ အော်သာယာကျေးရွာ၊ နတ်အိမ်ကမ်းကျေးရွာတို့တွင် (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများကို ဝေငှပေးခဲ့ကြောင်း သိရှိရ ပါသည်။

#ar

#tny_nov2020

 

 

Source:        ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events