Latest News
-
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ညှိနှိုင်းဆွေးနွေးမှုသတင်း
နိုဝင်ဘာ ၂၄ ၊ နေပြည်တော် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင် သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ယနေ့နံနက်ပိုင်းက ၀န်ကြီးဌာနတွင် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၀န်ကြီးက ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ညီလာခံ(၄)ကြိမ်ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးစီးခဲ့သော ညီလာခံများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို ချုပ်ဆိုခဲ့ရာ မူဝါဒသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ်ညီလာခံတွင် (၃၇)ချက်၊ တတိယအကြိမ်ညီလာခံတွင် (၁၄)ချက်နှင့် စတုတ္ထအကြိမ် ညီလာခံတွင် (၂၀)ချက်၊ … Read more
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၁၁-၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မံစီမြို့နယ်၊ ကုန်းတိန်ေကျးရွာနှင့် ရေခူးမံခံကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရုံးအသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် သံဃာ(၃)ပါးအား အာရုဏ်ဆွမ်းကပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားနာခြင်းနှင့် ဌာနဆိုင်ရာများအား ဧည့်ခံကျွေးမွေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်း၊ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mdy_nov2020 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၄ – ၁၁ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၇:၀၀)နာရီအထိ ပျော်ဘွယ် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၁၅)ရွာတို့၌ (Covid-19) ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောခြင်းနှင့် … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ အမှတ်(၁၂)ရပ်ကွက်၌ (၀၈:၃၀)နာရီ အချန်မှ (၁၁:၀၀) နာရီ အချိန်အထိ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂၀)နေ့တွင် ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာ၊ ဘိုင်းပြင်ကျေးရွာ၊ သင်ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာ၊ ပိတပ်ကျေးရွာနှင့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









