လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂၀)နေ့တွင် ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာ၊ ဘိုင်းပြင်ကျေးရွာ၊ သင်ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာ၊ ပိတပ်ကျေးရွာနှင့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_nov2020
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)