လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် သံဃာ(၃)ပါးအား အာရုဏ်ဆွမ်းကပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားနာခြင်းနှင့် ဌာနဆိုင်ရာများအား ဧည့်ခံကျွေးမွေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်း၊ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#mdy_nov2020
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)