Latest News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ Source: DMH
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =============================================== “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။” Source: DMH
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၁၁-၂၀၂၀) ရက်နေ့ မွန်းလွှဲ (၁၃:၀၀) နာရီအချိန်တွင် မံစီမြို့နယ်ရှိ ဟန်ထက်ကျေးရွာနှင့် မန်သာကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၁၁-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်ရှိ သိန်လင်ကျေးရွာ၊ ကုန်းမဟက်ကျေးရွာနှင့် စီဟဲကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks များ ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ညောင်တုန်းမြို့နယ်အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို (၂၈.၁၁.၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့၊ လမ်းမတော်လမ်း၊ (၈) လမ်းထိပ်လမ်းဆုံ၊ အမှတ် (၆) ရပ်ကွက်ထိပ်လမ်းဆုံနှင့် မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတို့၌ မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၈)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်
(၈)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံနှင့် UNESCAP တို့ ပူးပေါင်းရေးဆွဲသည့် ASEAN-UNESCAP Ready for the Dry Years အစီရင်ခံစာ ဒုတိယအကြိမ်ထုတ်ဝေမှုကို မိတ်ဆက်ခြင်းနှင့် ဒေသတွင်း မိုးခေါင်ရေရှားဘေးအန္တရာယ်ဆိုင်ရာ မှတ်တမ်းတင်ဗွီဒီယိုပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။ ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ အလှည့်ကျအိမ်ရှင်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ Office of the Civil Defense မှ Under Secretary ဖြစ်သူ H.E. Mr. Ricardo B. Jalad က ကြိုဆိုနှုတ်ခွန်းဆက် … Read more









