ညောင်တုန်းမြို့နယ်အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး​အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို (၂၈.၁၁.၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့၊ လမ်းမတော်လမ်း၊ (၈) လမ်းထိပ်လမ်းဆုံ၊ အမှတ် (၆) ရပ်ကွက်ထိပ်လမ်းဆုံနှင့် မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတို့၌ မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_nov2020

Source:             ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events