လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၁၁-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်ရှိ သိန်လင်ကျေးရွာ၊ ကုန်းမဟက်ကျေးရွာနှင့် စီဟဲကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks များ ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။
#ar
#kcn_nov2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)