Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကူးတို့ဆိပ်၊ စျေးအတွင်း၊ မီးရထားဘူတာ စသည့်နေရာတို့တွင် သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးပြည်သူများအား သဘာဝဘေးအသိ ပညာဗဟုသုတရရှိ စေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေနိုင်ရေးအတွက် (၁၀-၁၂-၂၀၂၀)ရက်နေ့၌ အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကနီမြို့နယ်အတွင်းရှိ မိဘပြည်သူများ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များအား လေ့လာကြည့်ရှုနိုင် ရန်အတွက် မီးဘေး၊ ငလျင်ဘေး၊ ဗီနိုင်းပိုစတာများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကြော်ငြာဆိုင်းဘုတ်တွင် ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2020
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ခနောင်ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေး ကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကျောက်ကြီးလမ်းခွဲ တွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၉ပေ×၆ပေ) အား စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၁၂-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ခြံကြီးကျေးရွာအုပ်စု၊ ခြံကြီးကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ နတ်ရွာကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာ၊ ရှားစေးဘို ကျေးရွာအုပ်စု၊ ရှားစေးဘိုကျေးရွာ၊ ရေလျှံကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် တောကုန်း ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအားလည်းကောင်းအသိပညာပေး ဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀)ရက်နေ့မှ (၇-၁၂-၂၀၂၀)ရက်နေ့အထိ၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်အုပ်စု၊ ပေါ်သစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၈၇၀၀/-)ကျပ်တို့ကို (၁၀-၁၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပေါ်သစ်ကျေးရွာ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020









