လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကနီမြို့နယ်အတွင်းရှိ မိဘပြည်သူများ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များအား လေ့လာကြည့်ရှုနိုင် ရန်အတွက် မီးဘေး၊ ငလျင်ဘေး၊ ဗီနိုင်းပိုစတာများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကြော်ငြာဆိုင်းဘုတ်တွင် ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)