
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀)ရက်နေ့မှ (၇-၁၂-၂၀၂၀)ရက်နေ့အထိ၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်အုပ်စု၊ ပေါ်သစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၈၇၀၀/-)ကျပ်တို့ကို (၁၀-၁၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပေါ်သစ်ကျေးရွာ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_dec2020