COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၁၂-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ခြံကြီးကျေးရွာအုပ်စု၊ ခြံကြီးကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ နတ်ရွာကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာ၊ ရှားစေးဘို ကျေးရွာအုပ်စု၊ ရှားစေးဘိုကျေးရွာ၊ ရေလျှံကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် တောကုန်း ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအားလည်းကောင်းအသိပညာပေး ဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#bgo_nov2020

Sign Up

Upcoming Events