Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ပလူးကျေးရွာအုပ်စုနှင့် ကင်မွန်းခြုံကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၇)လုံး ပြိုကျခဲ့ပြီး၊ အိမ်ခြေ(၅၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေ(၇၂)လုံးမှ အိမ်ထောင်စု(၇၂)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၀၀, ၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၅၆,၅ဝဝ/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jun2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မန်းကလဲ့ငုတောကျေးရွာအုပ်စု၊ မန်းကလဲ့ကျေးရွာတွင် (၁၆-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး (၁)ပုံးတို့အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2021
-
နေရပ်ပြန်နေထိုင်လိုသည့်တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာ(၁)လစာထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် တိုက်ပွဲ ရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၈)စု၊ လူဦးရေ (၂၇၇) ဦးနှင့် ကန်စောက်တိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင် အိမ်ထောင် စု(၁၀၄)စု၊ လူဦးရေ(၄၇၃)ဦး စုစုပေါင်းအိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၃၄)အိတ် (၉)ပြည်အား ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ရပ်ကွက်/ … Read more
-
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၌ မိုးရာသီတွင်ဖြစ်တတ်သော ရေကြီးခြင်းနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်းသိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2021
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာအုပ်စုတွင် (၁၃-၆-၂၀၂၁)ရက်နေ့၊ (၁၈း၃၀)အချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးအမိုးလန်ပျက်စီးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၂၁၀၀၀/-)ကျပ်အား (၁၆-၆-၂၀၂၁)ရက်နေ့ တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_jun2021
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပပြုလုပ်
၁၆-၆-၂၀၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော် ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ လူကုန်ကူးခံရသူများယာယီစောင့် ရှောက်ရေးဂေဟာနှင့် လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာတို့မှ တာဝန်ရှိသူများ … Read more









