လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပပြုလုပ်

၁၆-၆-၂၀၂၁၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော် ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ လူကုန်ကူးခံရသူများယာယီစောင့် ရှောက်ရေးဂေဟာနှင့် လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ယမန်နေ့က တင်ပြဆွေးနွေးရန်ကျန်ရှိနေသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာများနှင့် လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာတို့မှ  တာဝန်ရှိသူများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့ပြီးစီးမှု အခြေအနေများ၊ အသိပညာပေးဟောပြောမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် တိုက်ပွဲရှောင်စခန်း များတွင် ဆန်ရိက္ခာထောက်ပံ့ပေးနေမှုအခြေအနေများ၊ သင်တန်းများပြန်လည်ဖွင့်လှစ်မည့် အခြေအနေများ၊ ဘေးထောက်ပံ့မှုများဆောင်ရွက်ရာ၌ ငွေထုတ်ယူမှုအခက်အခဲတွေ့ကြုံရမှုများ၊ ပြန်လည်ထူထောင်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် သင်တန်းများဖွင့်လှစ်ပေး နေမှုအခြေအနေများ၊ လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများတွင် လက်ခံစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ သုံးသပ်အကြုံပြုချက်များအား  အသီးသီးဆွေးနွေးတင်ပြ ခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အသီးသီး သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားရာ၌ ယခုအစည်းအဝေးတွင် ရုံး၊ ဌာန၊ သင်တန်းကျောင်း၊ စခန်း၊ ဂေဟာများ၏ အားသာချက်၊ အားနည်းချက်၊ ဘာတွေဖြေရှင်းရမယ်ဆိုတာသိရှိပြီး နေရာဒေသအားလုံးသို့ ခရီးမထွက်ရသေးခင်မှာ  မျက်နှာစုံညီတွေ့ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ထိုက်တန်သည့် ရာထူးတာဝန်တွေရရှိထားသည်ဟုတွေ့ရပါကြောင်း၊ တင်ပြချက်များနှင့်ပတ်သက်၍ မူဝါဒအရနှင့် Operational အရ စဉ်းစားရန်များရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန် နိုင်စွမ်းရှိသော လူ့အသိုင်းအဝိုင်းဖြစ်ဖို့ဆောင်ရွက်ရန်ဖြစ်ပြီး ခရိုင်ရုံးနှင့် မြို့နယ်ရုံးများကို လိုအပ်ချက်အရ ဖွင့်လှစ်သွားရန်ဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အဦများ တည်ဆောက်ရာတွင် အဆောက်အဦများ၏ ကြံ့ခိုင်ရေးပိုမိုကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ Quality Control ကို ဆောင်ရွက်ရန်နှင့် Building Code ပါစံနှုန်းများနှင့် ပြည့်မီရန်လိုအပ်ပါ ကြောင်း၊ အဆောက်အဦများထိခိုက်မှုမရှိစေရေး သစ်ပင်ကြီးများကိုင်းဖြတ်ခြင်းကို သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ဖြစ်သည့်အတွက် စာသင်ကျောင်းများတွင် သဘာဝဘေးနှင့်မူးယစ်ဆေးဝါးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ သိုလှောင်ရုံများအတွက် ထောက်ပံ့ရေးပစ္စည်းများဝယ်ယူမှုနှင့် ထိန်းသိမ်းထားရှိမှုသိရှိရန် Software အသုံးပြုရန်လိုအပ်ပါ ကြောင်း၊ သယ်ယူရန်စရိတ်ကြီးမားသည့်  အိမ်မိုးသွပ်ကဲ့သို့ပစ္စည်းများကို သိုလှောင်ရုံများသို့ ဖြန့်ခွဲပေးပို့ ထားစေလိုကြောင်း၊ ပြည်သူသို့ ထောက်ပံ့မှုများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ဖို့ စနစ်ကို အားထားရသည့်အတွက် နိုင်ငံတော်ဘတ်ဂျက် ကုန်ကျမှု သက်သာစေရန်နှင့် ပြည်သူအကျိုးရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ အရေးပေါ် ထောက်ပံ့ရန် လိုအပ်မှုများအတွက် အရန်ငွေထားရှိရန် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရန်နှင့် အာမခံသေတ္တာထားရန်လိုကြောင်း၊ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်တည်ဆောက်ပေးရန်နှင့် ပြုန်းတီးဝန်ထမ်းများနေရာတွင် ပြန်လည်ဖြည့်ဆည်း ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလောကြုံတွေ့ရသည့် အခက်အခဲများရှိနိုင်ပါကြောင်း၊ ဗဟိုသိုလှောင်ရုံများရှိ ထောက်ပံ့ရေးပစ္စည်းများ ရက်လွန်မဖြစ်စေရန်နှင့် စနစ်တကျထိန်းသိမ်းရန် အရေးကြီးကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် သင်တန်းသား ရရှိရေး ညွှန်းပို့သည့်စနစ်ရှိရန်လိုကြောင်း၊ အစည်းအဝေးအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူအားလုံးနှင့် တက်ရောက်လာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခက်အခဲများကိုသိခွင့်ရပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခွင့်ရသည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ၊မြို့နယ် အထက်မှအောက်အဆင့်ဆင့်၏ အသံများကို နားထောင်ရန်လိုပါကြောင်း၊ မိမိအနေဖြင့် သိချင်သည့်အရာများ၊ မရှင်းလင်းသည့်အရာများကို မေးမြန်းခွင့်ရပြီး လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်မှာ လူသားချင်းစာနာမှုအကူအညီပေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် ဝန်ကြီးဌာနရှိ တာဝန်ရှိသူအားလုံးမှာ အလုပ်လုပ်ရင်း ကုသိုလ်ရခြင်းဖြစ်ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကို အမြဲမပြတ်သတိပြု၍ မိမိတို့ကိုယ်တိုင်ရော လက်အောက်ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးသတိပြု ဆင်ခြင်ကာ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်အောင် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာသူ များနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

#hl_1

#hl_2

#npw_jun2021

Source: MOSWRR

Sign Up

Upcoming Events