နေရပ်ပြန်နေထိုင်လိုသည့်တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာ(၁)လစာထောက်ပံ့ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် တိုက်ပွဲ ရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၈)စု၊ လူဦးရေ (၂၇၇) ဦးနှင့် ကန်စောက်တိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင် အိမ်ထောင် စု(၁၀၄)စု၊ လူဦးရေ(၄၇၃)ဦး စုစုပေါင်းအိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၃၄)အိတ် (၉)ပြည်အား ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် စခန်းတာဝန်ခံကော်မတီများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke_Jun2021

Sign Up

Upcoming Events