မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၂၀/၂၀၂၅)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၂၀/၂၀၂၅)”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၂၀/၂၀၂၅)

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အနောက် တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ နောက် ၆ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။”

Sign Up

Upcoming Events