လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ပလူးကျေးရွာအုပ်စုနှင့် ကင်မွန်းခြုံကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၇)လုံး ပြိုကျခဲ့ပြီး၊ အိမ်ခြေ(၅၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေ(၇၂)လုံးမှ အိမ်ထောင်စု(၇၂)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၀၀, ၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၅၆,၅ဝဝ/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ygn_jun2021

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events