လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာအုပ်စုတွင် (၁၃-၆-၂၀၂၁)ရက်နေ့၊ (၁၈း၃၀)အချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးအမိုးလန်ပျက်စီးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၂၁၀၀၀/-)ကျပ်အား (၁၆-၆-၂၀၂၁)ရက်နေ့ တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ygn_jun2021

Sign Up

Upcoming Events