လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မန်းကလဲ့ငုတောကျေးရွာအုပ်စု၊ မန်းကလဲ့ကျေးရွာတွင် (၁၆-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး (၁)ပုံးတို့အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2021

Sign Up

Upcoming Events