Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု (အ.ထ.က)ပထက်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၅၀)ဦး အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb 2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၅-၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်အတွင်းရှိ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု၊ သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို နံနက် (၉:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက်ဆောင်ရန်/ ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်နေစဉ် တုန့်ပြန်နေထိုင်ရမည့်အနေအထားများ လက်တွေ့ပြသခြင်းအားလည်းကောင်း၊ အမျိုးသမီး … Read more
-
မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ(၃၀၀၀၀ဝ/- )ကျပ်၊ ကျပ်သုံးသိန်းတိတိအား (၅-၂- ၂၀၂၀) ရက်နေ့ (၁၄:၃၅)နာရီအချိန်ခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစု ဝင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_feb2020
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၅..၂..၂၀၂၀ရက်နေ့၊ နံနက် ၀၉း၃၀ချိန်တွင်အ.ထ.က (၁) ကျောင်း၊ သိန္နီမြို့တွင် ထက်/လယ်/မူ ကျောင်းသား/သူ (၁၀၀၀)ဦးနှင့် နေ့လည် ၁၃:၀၀ ချိန်တွင် အ.ထ.က (၂) ကျောင်း၊ သိန္နီမြို့တွင် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး video file ပြသခြင်းများ ဆောက်ရွက်ခဲ့ပြီး သဘာဝဘေးနှင့်ဆိုင်သော ဉာဏ်စမ်းပဟေဠိမေး/ဖြေ ပြုလုပ်၍ တီရှပ်၊စာအုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်မှူးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၉၈)ဦး၊ ကျေးရွာပြည်သူ(၅၀)ဦးတို့အား သဘာဝဘေးဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် လူမှု၀န်ထမ်းလုပ်ငန်းကြီး(၇)ရပ်အားရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၅၀)ဦးခန့်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာနှင့် မုန့်များဝေငှ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2020









