လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်မှူးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၉၈)ဦး၊ ကျေးရွာပြည်သူ(၅၀)ဦးတို့အား သဘာဝဘေးဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် လူမှု၀န်ထမ်းလုပ်ငန်းကြီး(၇)ရပ်အားရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_feb 2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)