သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

6_Pic_1
(၅-၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်အတွင်းရှိ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု၊ သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို နံနက် (၉:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက်ဆောင်ရန်/ ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်နေစဉ် တုန့်ပြန်နေထိုင်ရမည့်အနေအထားများ လက်တွေ့ပြသခြင်းအားလည်းကောင်း၊ အမျိုးသမီး ရေးရာအဖွဲ့မှ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးနှင့် ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်း များအားလည်းကောင်း၊ လူကုန်ကူးကာကွယ်တားဆီး ရေးရဲတပ်ဖွဲ့မှ အမျိုးသမီးအားအကြမ်း ဖက်မှုနှင့် သက်ငယ်မုဒိန်းအကြောင်း သိကောင်းစရာများအားလည်းကောင်း ၊ အသီးသီး ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲတွင် သင်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး၊ သင်တန်းနည်းပြနှင့် သင်တန်းသူစုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

#ar
#shn_feb2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events