လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု (အ.ထ.က)ပထက်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၅၀)ဦး အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_feb 2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)