လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၅..၂..၂၀၂၀ရက်နေ့၊ နံနက် ၀၉း၃၀ချိန်တွင်အ.ထ.က (၁) ကျောင်း၊ သိန္နီမြို့တွင် ထက်/လယ်/မူ ကျောင်းသား/သူ (၁၀၀၀)ဦးနှင့် နေ့လည် ၁၃:၀၀ ချိန်တွင် အ.ထ.က (၂) ကျောင်း၊ သိန္နီမြို့တွင် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး video file ပြသခြင်းများ ဆောက်ရွက်ခဲ့ပြီး သဘာဝဘေးနှင့်ဆိုင်သော ဉာဏ်စမ်းပဟေဠိမေး/ဖြေ ပြုလုပ်၍ တီရှပ်၊စာအုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_feb2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)