
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၅၀)ဦးခန့်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာနှင့် မုန့်များဝေငှ ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_feb2020