Latest News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၃) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရေးတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr 2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်မှ စတင်ပြီး မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ ညောင်ပင်စွဲအုပ်စုရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်(၄)(၅)တို့ရှိ ရပ်ကွက်/ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄- ၄- ၂၀၂၀)ရက်နေ့တွင် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်း ကျောင်း နာယကဆရာတော်၊ BHN Association INGO(ဂျပန်) နှင့်ပူးပေါင်း၍ နံနက်(၀၉ : ၀၀) နာရီအချိန်မှ (၀၉ : ၄၅) နာရီအချိန်ထိ သံတွဲခရိုင်၊ ကျိန္တလီမြို့ ၊ အမှတ် (၁) ရပ်ကွက် တွင်လည်းကောင်း၊ နံနက် (၀၉ … Read more
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မကျီးကုန်းကျေးရွာအုပ်စုရှိ မကျီးကုန်းကျေးရွာ၊ ထန်းချောင်းကျေးရွာနှင့် တပ်စုကျေးရွာ၊ ရွာသာအေးကျေးရွာအုပ်စုရှိ ရွာသာအေးကျေးရွာနှင့် လိပ်ခြံ ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျောက်ပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ပဒေါင်း ကျေးရွာနှင့် လင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၅၁၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၇၀၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၃၃၅၁၀ဝ/-)ကျပ်တို့အား (၁၄-၄-၂၀၂၀)ရက်နေ့၊ (၁၁:ဝဝ)နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ကျန်းကျေးရွာ၊ ကောင်းမှူးတန်ကျေးရွာ၊ တန့်ဆိုင်ကျေးရွာ၊ ပန်ဟိုက်ကျေးရွာ၊ ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ COVID-19 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









