လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မကျီးကုန်းကျေးရွာအုပ်စုရှိ မကျီးကုန်းကျေးရွာ၊ ထန်းချောင်းကျေးရွာနှင့် တပ်စုကျေးရွာ၊ ရွာသာအေးကျေးရွာအုပ်စုရှိ ရွာသာအေးကျေးရွာနှင့် လိပ်ခြံ ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)