COVID -19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄- ၄- ၂၀၂၀)ရက်နေ့တွင် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ်၊ သိမ်ကုန်း ကျောင်း နာယကဆရာတော်၊ BHN  Association INGO(ဂျပန်) နှင့်ပူးပေါင်း၍ နံနက်(၀၉ : ၀၀) နာရီအချိန်မှ (၀၉ : ၄၅) နာရီအချိန်ထိ သံတွဲခရိုင်၊ ကျိန္တလီမြို့ ၊ အမှတ် (၁) ရပ်ကွက် တွင်လည်းကောင်း၊ နံနက် (၀၉ : ၄၅) နာရီအချိန်မှ (၁၀ : ၄၀)နာရီ အချိန်ထိ သံတွဲခရိုင်၊ကျိန္တလီမြို့ ၊ အမှတ် (၂) ရပ်ကွက်တွင်လည်းကောင်း၊ နံနက်(၁၀ : ၅၀) နာရီအချိန်မှ (၁၂ : ၀၀) နာရီအချိန်ထိ သံတွဲခရိုင်၊ ကျိန္တလီမြို့ ၊အမှတ်(၃)ရပ်ကွက်တွင်လည်းကောင်း လှည့်လည်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ / Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေး လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#rke_apr2020

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events