လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျောက်ပဒေါင်းကျေးရွာအုပ်စု၊ ကျောက်ပဒေါင်း ကျေးရွာနှင့် လင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၅၁၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၇၀၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၃၃၅၁၀ဝ/-)ကျပ်တို့အား (၁၄-၄-၂၀၂၀)ရက်နေ့၊ (၁၁:ဝဝ)နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_apr 2020

Sign Up

Upcoming Events