Latest News
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ သရောကုန်းကျေးရွာအုပ်စု၊ သရောကုန်းကျေးရွာ၊ ကံချောင်းကျေးရွာ၊ ပုလု ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပုလုညောင်ဝိုင်းကျေးရွာ၊ စကားမြားကျေးရွာအုပ်စု၊ စကားမြားကျေးရွာတို့ တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀)ရက်နေ့၊နံနက်(၀၈း၃၀)နာရီမှ(၁၂း၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ အမတ်ကျေးရွာအုပ်စု၊ အမတ်ကျေးရွာ၊ ခါချဉ်ကွင်းကျေးရွာ၊ ဖုန်းဆိုးကွင်းကျေးရွာနှင့် မြတ်ခိုင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်တို့အား အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနော့ ကျေးရွာနှင့် ကော့ဒွန်းကျေးရွာတို့တွင် ပြည်သူများကို COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်တို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၆.၄.၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဆူးရစ်တန်းကျေးရွာတွင် ရေရှားပါးမှုဖြစ်ပေါ်နေခြင်းအတွက် သောက်သုံးရေဂါလန်(၁၆၀၀)ကို သွားရောက်လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_apr2020 Source: မိတ္တီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း)၊ ဦးဝင်းကြည်(တဲတိုက်)နှင့် အောင်ချမ်းသာ(ကွက်သစ်ပိုင်း)ရှိ အိမ်ခြေ (၁၂၄) လုံး၊ အိမ်ထောင်စု(၁၃၇) စု၊ လူဦးရေ (၆၂၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၁၆- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ … Read more
-
လေပြင်းဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ နှောင်းပါတိတ်အခင်းစုတွင် နေအိမ်(၅)လုံး၊ ရွှေလယ်ယာအခင်းစုတွင် နေအိမ်(၃)လုံး၊ ခတ်ခုံကျေးရွာတွင် နေအိမ် (၇)လုံး၊ ကြံနှမ်းမှော်ခင်းအစုတွင် နေအိမ်(၅)လုံးနှင့် ကုန်းမနကျေးရွာတွင် နေအိမ်(၁)လုံး စုစုပေါင်းနေအိမ် (၂၁)လုံး အမိုးလန်ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၆၈၅၀၀ဝိ/-)ကျပ်တိတိကို မဘိမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၆-၄-၂၀၂၀)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









