လေပြင်းဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ နှောင်းပါတိတ်အခင်းစုတွင် နေအိမ်(၅)လုံး၊ ရွှေလယ်ယာအခင်းစုတွင် နေအိမ်(၃)လုံး၊ ခတ်ခုံကျေးရွာတွင် နေအိမ် (၇)လုံး၊ ကြံနှမ်းမှော်ခင်းအစုတွင် နေအိမ်(၅)လုံးနှင့် ကုန်းမနကျေးရွာတွင် နေအိမ်(၁)လုံး စုစုပေါင်းနေအိမ် (၂၁)လုံး အမိုးလန်ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၆၈၅၀၀ဝိ/-)ကျပ်တိတိကို မဘိမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၆-၄-၂၀၂၀)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#shn_apr2020

Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events