လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ သရောကုန်းကျေးရွာအုပ်စု၊ သရောကုန်းကျေးရွာ၊ ကံချောင်းကျေးရွာ၊ ပုလု ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပုလုညောင်ဝိုင်းကျေးရွာ၊ စကားမြားကျေးရွာအုပ်စု၊ စကားမြားကျေးရွာတို့ တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)