သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း)၊ ဦးဝင်းကြည်(တဲတိုက်)နှင့် အောင်ချမ်းသာ(ကွက်သစ်ပိုင်း)ရှိ အိမ်ခြေ (၁၂၄) လုံး၊ အိမ်ထောင်စု(၁၃၇) စု၊ လူဦးရေ (၆၂၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၁၆- ၄-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_drg
#mgy_apr2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events