Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်အတွင်း (၂၁.၄.၂၀၂၀)နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အင်းတော်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၁၉၈)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၁၉၈,၆၀၀ိ/-)တို့ကို (၂၃.၄.၂၀၂၀)နေ့(၁၅း၀၀)နာရီအချိန်၌ ေဘးသင့်ပြည်သူထံသို့ လည်းကောင်း၊ ဗန်းမောက်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၄၇)စု၊ ပြိုလဲနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၄၅၂,၂၀၀ိ)၊ ဝန်းသိုမြို့နယ်အတွင်းရှိရပ်ကွက် ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၆၅,၁၀၀ိ)၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၁၅)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ပြိုလဲနေအိမ်(၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၃)အိမ်ထောင်စာ၊ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍ ညောင်တုန်းမြို့၊မြို့ပေါ်ရပ်ကွက်များ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရာမညလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရေရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်နေပြည်သူများအား သောက်သုံးရေ(၆၀၀) ဂါလန်ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mon_apr2020
-
Covid19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ အလယ်တောကျေးရွာနှင့် စာထားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားသိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူရုံးမှ တာ၀န်ရှိသူများသည် (၂၁.၄.၂၀၂၀) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ် (၁၉) အိမ်၊ အမိုးလန် (တစ်စိတ်တစ်ပိုင်း) (၁၇၅) အိမ်၊ ဘာသာရေးကျောင်း (တစ်စိတ်တစ်ပိုင်း) (၃) ကျောင်း၊ အိမ်ထောင်စု (၁၉၄) မှ လူဦးရေ (၈၈၆) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၄,၁၈၃,၀၀၀)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် … Read more
-
Covid19 အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တော်၀င်ကျေးရွာ၊ မွှေလယ်ကျေးရွာနှင့် နှမ်းခါး ကျေးရွာများသို့ (၂၃-၄-၂၀၂၀)ရက်နေ့(၀၈:၃၀) နာရီ မှ(၁၄:၃၀) နာရီအချိန်ထိCOVID-19ရော ဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)









