Covid19 အသိပညာပေးဆောင်ရွက်မှု

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအ‌ထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တော်၀င်ကျေးရွာ၊ မွှေလယ်ကျေးရွာနှင့် နှမ်းခါး ကျေးရွာများသို့ (၂၃-၄-၂၀၂၀)ရက်နေ့(၀၈:၃၀) နာရီ မှ(၁၄:၃၀) နာရီအချိန်ထိCOVID-19ရော ဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#mgy_apr2020

Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events