လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်အတွင်း (၂၁.၄.၂၀၂၀)နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အင်းတော်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၁၉၈)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၁၉၈,၆၀၀ိ/-)တို့ကို (၂၃.၄.၂၀၂၀)နေ့(၁၅း၀၀)နာရီအချိန်၌ ေဘးသင့်ပြည်သူထံသို့ လည်းကောင်း၊ ဗန်းမောက်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၄၇)စု၊ ပြိုလဲနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၄၅၂,၂၀၀ိ)၊ ဝန်းသိုမြို့နယ်အတွင်းရှိရပ်ကွက် ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၆၅,၁၀၀ိ)၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၁၅)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ပြိုလဲနေအိမ်(၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၀၁,၂၀၀ိ)၊ ပင်လည်ဘူးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၁၈)စု၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁,၀၂၉,၄၀၀ိ/-) တို့ကို (၂၃.၄.၂၀)ရက်နေ့ (၁၂း၀၀)နာရီတွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဘေးသင့်ပြည်သူထံသို့ထုတ်ပေးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#sgg_apr2020

Source:           ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events