လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ကယ်‌ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူရုံးမှ တာ၀န်ရှိသူများသည် (၂၁.၄.၂၀၂၀) ရက်‌နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ် (၁၉) အိမ်၊ အမိုးလန် (တစ်စိတ်တစ်ပိုင်း) (၁၇၅) အိမ်၊ ဘာသာရေးကျောင်း (တစ်စိတ်တစ်ပိုင်း) (၃) ကျောင်း၊ အိမ်ထောင်စု (၁၉၄) မှ လူဦးရေ (၈၈၆) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၄,၁၈၃,၀၀၀)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁,၈၆၀,၆၀၀)နှင့် ကယ်ဆယ်‌ရေး ပစ္စည်းတန်ဖိုးသင့် ငွေကျပ် (၆၆၄၈၀၇)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး‌ငွေကျပ် (၁၆,၇၀၈,၄၀၇) အား (၂၃.၄.၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mdy_apr2020

Source:  မန္တလေးတိုင်း ဒေသကြီးဦးစီးမှူရုံး (ဘစမ)

Sign Up

Upcoming Events