Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ လဝေါ်အေဂျီ၊ လီဆူနှင်ခြင်း၊ မှုရင်းနှစ်ခြင်း IDPs စခန်းများသို့ လက်ဆေးဘေစင်(၃)ခု၊ Non-Contact Infrared Thermometer(၃)ခုနှင့် Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ(၂)ခုတို့အားသွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီမှူးရုံး … Read more
-
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၃)ရပ်ကွက်၊ အမှတ်(၁၅၅)ရပ်ကွက်၊ စစ်ပင်တောင်ရပ်ကွက်များ၌ (၂၇-၄-၂၀၂၀)ရက်နေ့၊ (၁၃း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၃၆၂)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် လေဘေးသင့်အိမ်ခြေ(၇၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၁,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇,၆၀,၂၀ဝိ/-)နှင့် ပြိုကျနေအိမ်(၁၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၃)အိမ်ထောင်စုစာတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၀-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁- ၅ -၂၀၂၀) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ ဟိုပန်မြို့ ၊ မိန်းပန်းလွယ်ရပ်ကွက်ရှိ Home Quarantine ဝင်နေသည့် ၂၈ရက်ပြည့်သော စောင့်ကြည့်လူနာများနှင့် မိသားစုဝင်များအား နှစ်သိမ့်ပညာပေးခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် covid-19နှင့် ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာ မြို့နယ်၊ ဘဲ့ပြားကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပွေတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ(သစ်အိမ်-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝိ/-)ကျပကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကဝမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကဝရွာသစ်ရပ်ကွက်၊ အုန်းနှဲကျေးရွာအုပ်စုနှင့် အောင်ကံကျော်ကျေးရွာတို့၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၆)လုံးနှင့် အမိုးလန်နေအိမ်(၃၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၅၀၀၀ဝိ/-)၊ ပြိုလဲနေအိမ်(၆)လုံးရှိ လူဦးရေ(၃၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၉၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၇၁၉၃၀ဝိ/-)နှင့် ပြိုလဲနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၆)အိမ်ထောင်စာတို့အား (၁-၅-၂၀၂၀) ရက်နေ့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီးဘေးစီမံဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း … Read more
-
Covid-19 အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ တပ်ကုန်းမြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ၊ နတ်မာကျေးရွာ၊ ကျောက်စရစ်ကုန်းအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာနှင့် ဆူးတပ်ကျေးရွာများအတွင်းရှိပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









