ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၃)ရပ်ကွက်၊ အမှတ်(၁၅၅)ရပ်ကွက်၊ စစ်ပင်တောင်ရပ်ကွက်များ၌ (၂၇-၄-၂၀၂၀)ရက်နေ့၊ (၁၃း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၃၆၂)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် လေဘေးသင့်အိမ်ခြေ(၇၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၁,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇,၆၀,၂၀ဝိ/-)နှင့် ပြိုကျနေအိမ်(၁၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၃)အိမ်ထောင်စုစာတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၀-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_may2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events