လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁- ၅ -၂၀၂၀) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ ဟိုပန်မြို့ ၊ မိန်းပန်းလွယ်ရပ်ကွက်ရှိ Home Quarantine ဝင်နေသည့် ၂၈ရက်ပြည့်သော စောင့်ကြည့်လူနာများနှင့် မိသားစုဝင်များအား နှစ်သိမ့်ပညာပေးခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် covid-19နှင့် ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)