လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကဝရွာသစ်ရပ်ကွက်၊ အုန်းနှဲကျေးရွာအုပ်စုနှင့် အောင်ကံကျော်ကျေးရွာတို့၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၆)လုံးနှင့် အမိုးလန်နေအိမ်(၃၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၅၀၀၀ဝိ/-)၊ ပြိုလဲနေအိမ်(၆)လုံးရှိ လူဦးရေ(၃၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၉၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၇၁၉၃၀ဝိ/-)နှင့် ပြိုလဲနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၆)အိမ်ထောင်စာတို့အား (၁-၅-၂၀၂၀) ရက်နေ့တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီးဘေးစီမံဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။