Latest News
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မေလ (၇)ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၆-၅-၂၀၂၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၉)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ကချင်ပြည်နယ်၊ မြို့နယ်(၃)ခု၌ နေအိမ်(၇)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၄)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၃၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၀)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ အမှတ်(၁၊ ၂)ရပ်ကွက်တို့တွင်(၆.၅.၂၀၂၀)ရက်နေ့ (၁၆း၃၀)နာရီချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၁)ကျောင်းနှင့် လူနေအိမ်(၂)လုံး ပြိုလဲပျက်စီးခဲ့ပြီး ခရစ်ယာန်ကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၉)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၄)ဦးတို့ လေဘေးဒဏ်သင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂)အိမ်ထောင်စုစာ၊ သာသနိကအဆောက်အအုံနှင့် လူနေအိမ်တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၂၄၅၈ဝဝိ/-)၊ ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေကျပ်(၁၁၃၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၃၅၉၂၀ဝိ/-)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၅-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၁/ ၂၀၂၀) တွင် COVID -19 တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေးမှုသတင်း
မေ ၇ ရက်၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် COVID -19 တုံ့ပြန် ဆောင်ရွက်မှုများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန် များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် COVID -19 ကာလနှင့် ကိုက်ညီသော Video Conferencing စနစ်ဖြင့် … Read more
-
Covid-19 အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဦးအောင်ဇေယျရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်ရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား ဆော်ဩမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစ
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာနှင့် ပထက်ကျေးရွာတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မြိတ်မြို့နယ်၊ သာရမဲကျေးရွာနှင့် ရွှေဒူးကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်/ကျေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဘိုက်သရက်ကျေးရွာ၊ မတောင့်တ(တောင်)ရွာ၊ မတောင့်တ(မြောက်)ရွာ၊ ရွှေသမင်ကျေးရွာ၊ မြင်းခြံပွားကျေးရွာ၊ သမ္မတောကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဆင်ဖြူခြည်ကျေးရွာ၊ မြင်သာကုန်းကျေးရွာနှင့် ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့၌ ယင်းမာပင်မြို့နယ်လူမှုကူညီရေးကွန်ယက်နှင့်အတူ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









