COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ​ ဘိုက်သရက်ကျေးရွာ၊ မတောင့်တ(တောင်)ရွာ၊ မတောင့်တ(မြောက်)ရွာ၊ ရွှေသမင်ကျေးရွာ၊ မြင်းခြံပွားကျေးရွာ၊‌ သမ္မတောကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဆင်ဖြူခြည်ကျေးရွာ၊ မြင်သာကုန်းကျေးရွာနှင့် ဆားလင်းကြီးမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့၌ ယင်းမာပင်မြို့နယ်လူမှုကူညီရေးကွန်ယက်နှင့်အတူ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_may2020

Source:           စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events