တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

မေလ (၇)ရက်၊ နေပြည်တော်

  • မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၆-၅-၂၀၂၀)ရက်နေ့တွင်
    • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၉)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
    • ကချင်ပြည်နယ်၊ မြို့နယ်(၃)ခု၌ နေအိမ်(၇)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
    • စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၄)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၃၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၀)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊
    • ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
    • မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၂၅)လုံး ပြိုကျပျက်စီးပြီး နေအိမ် (၃၁၅)လုံး၊ ဘာသာရေးအဆောက်အဦ(၁၃)လုံး အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၁)ဦးဒဏ်ရာရရှိခြင်း၊
    • မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များ၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၇)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
    • ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၌ နေအိမ်(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
    • ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်များ၌ နေအိမ်(၁၅)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၁၀)လုံး၊ ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၂)ဦးဒဏ်ရာရရှိခြင်းတို့ဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာဒေသရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။
  • (၉-၄-၂၀၂၀)ရက်နေ့မှ (၇-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၃၇၇)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၃)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၅၉၈၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၂၄)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၃၂၉.၁)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
  • ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီး ကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။
  • #ha_sgw
    #bgo_sgg_kcn_npw_mgy_mdy_shn_ayy

    _may2020

    Source:  MSWRR

     

Sign Up

Upcoming Events