လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ အမှတ်(၁၊ ၂)ရပ်ကွက်တို့တွင်(၆.၅.၂၀၂၀)ရက်နေ့ (၁၆း၃၀)နာရီချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်(၁)ကျောင်းနှင့် လူနေအိမ်(၂)လုံး ပြိုလဲပျက်စီးခဲ့ပြီး ခရစ်ယာန်ကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၉)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၄)ဦးတို့ လေဘေးဒဏ်သင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂)အိမ်ထောင်စုစာ၊ သာသနိကအဆောက်အအုံနှင့် လူနေအိမ်တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၂၄၅၈ဝဝိ/-)၊ ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေကျပ်(၁၁၃၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၃၅၉၂၀ဝိ/-)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၅-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#krn_may2020

Source:           မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events