Latest News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀) အချိန်တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်၊ မယားသာကျေးရွာအုပ်စု၊ လှည်းချောင်းကူး ကျေးရွာမှအမိုးလန် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၇၀၀၀ဝ/-) ကျပ်ကို မယားသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆရာတော်၏ တပည့်တို့မှတစ်ဆင့် (၈-၅-၂၀၂၀)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်၊ ပွဲစားဂုံညင်းတန်းကျေးရွာ၊ မဲဇလီစာဖြူ စုကျေးရွာ၊ သားကွင်းကျေးရွာ၊ ကျားနဖူးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဇောင်းတောကန်ကျေးရွာ၊ ခပေါင်းတဲအရှေ့ကျေးရွာ၊ ခပေါင်းတဲအနောက်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ – တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံ မြို့တွင်းသို့အဝင်/အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ပူမောက်ကျေးရွာနှင့် မိုင်းလတ်ကျေးရွာအုပ်စု၊ ဝမ်ကျွမ်ကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၊ ကန်နက်ကျေးရွာ၊ ကန်နီကျေးရွာအုပ်စု၊ မကျီးလေးပင်ကျေးရွာတို့၌ (၆-၅-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၀)လုံးမှ လူဦးရေ (၄၆)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၆,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၃,ဝဝဝ/-) ကျပ်တို့ကို မြိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၇-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 … Read more
-
Covid-19 ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ (၂၈.၄.၂၀၂၀)ရက်နေ့နှင့် (၃၀.၄.၂၀၂၀)ရက်နေ့တွင် ဆမီးတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား Covid-19 ရောဂါအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_may2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









