လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၊ ကန်နက်ကျေးရွာ၊ ကန်နီကျေးရွာအုပ်စု၊ မကျီးလေးပင်ကျေးရွာတို့၌ (၆-၅-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၀)လုံးမှ လူဦးရေ (၄၆)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၆,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၃,ဝဝဝ/-) ကျပ်တို့ကို မြိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၇-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)