လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်၊ ပွဲစားဂုံညင်းတန်းကျေးရွာ၊ မဲဇလီစာဖြူ စုကျေးရွာ၊ သားကွင်းကျေးရွာ၊ ကျားနဖူးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)