လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀) အချိန်တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်၊ မယားသာကျေးရွာအုပ်စု၊ လှည်းချောင်းကူး ကျေးရွာမှအမိုးလန် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၇၀၀၀ဝ/-) ကျပ်ကို မယားသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆရာတော်၏ တပည့်တို့မှတစ်ဆင့် (၈-၅-၂၀၂၀)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)