Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ ၀မ်းတွင်းမြို့နယ်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ်ဦးစီးမှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ပြင်ဦးလွင်မြို့နယ်၊ သာစည်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း (၁၀-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကရင်ကူးကျေးရွာအုပ်စုရှိ ကရင်ကူးလေး ကျေးရွာ၊ ကရင်ကူးကြီးကျေးရွာ၊ ဒိုးကုန်းကျေးရွာ၊ ဂန့်ဂေါကွင်းကျေးရွာများ၊ အင်ပင်ကုန်း ကျေးရွာအုပ်စုရှိ ကျားသေကျေးရွာ၊ ဆင်သေကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန် / ရှောင်ရန်အချက် များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား … Read more
-
ဘူးသီးတောင်မြို့နယ်အတွင်းရှိတိုက်ပွဲရှောင်စုရပ်စခန်းများသို့ Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် စေတီတောင်ဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၆၂၄)စုမှ လူဦးရေ (၂၄၁၀)ဦးအား လက်ဆေးစင် (၅) ခု ၊ဆပ်ပြာ (၂၄၁၀)တောင့်၊ MASK (၁၂၄၈)ခု၊ ထုံး (၁ဝ)အိတ်၊ ဗီနိုင်း (၁)ခုအားလည်းကောင်း၊ ဒုတိယအကြိမ် မြောင်းနားတိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၄၂၄)ဦးအား လက်ဆေးစင်(၁)ခု၊ ဆပ်ပြာ(၅၆)တောင့်၊ MASK (၂၀)ခု၊ ထုံး (၉)အိတ်၊ ဗီနိုင် (၁)ချပ်အားလည်းကောင်း၊ ဒုတိယအကြိမ် ဂန္ဓာရာရီပရဟိတဘုန်းကြီးကျောင်းစုရပ်ရှိ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀)ရက်နေ့ ၊(ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း၊ ကွက်သစ်ပိုင်း) နှင့် ဦးကျော်စိန် (တဲတိုက်) ရှိအိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု (၁၁၄) စု၊ လူဦးရေ (၅၀၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၀-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရုဏာလူမှုကူညီရေး အသင်းနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) မိုင်းယု(ကုန်စုံ) အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၄၂၄)ဦး ၊ မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး ၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် အိမ်ထောင်စု (၅၇)စု၊ လူဦးရေ(၂၆၃)ဦး ၊ နမ့်ဖက်ကာ နယ်မြေ (၄) အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၂၂) ဦး ၊စုစုပေါင်း အိမ်ထောင်စု … Read more









