ဘူးသီးတောင်မြို့နယ်အတွင်းရှိတိုက်ပွဲရှောင်စုရပ်စခန်းများသို့ Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် စေတီတောင်ဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၆၂၄)စုမှ လူဦးရေ (၂၄၁၀)ဦးအား လက်ဆေးစင် (၅) ခု ၊ဆပ်ပြာ (၂၄၁၀)တောင့်၊ MASK (၁၂၄၈)ခု၊ ထုံး (၁ဝ)အိတ်၊ ဗီနိုင်း (၁)ခုအားလည်းကောင်း၊ ဒုတိယအကြိမ် မြောင်းနားတိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၄၂၄)ဦးအား လက်ဆေးစင်(၁)ခု၊ ဆပ်ပြာ(၅၆)တောင့်၊ MASK (၂၀)ခု၊ ထုံး (၉)အိတ်၊ ဗီနိုင် (၁)ချပ်အားလည်းကောင်း၊ ဒုတိယအကြိမ် ဂန္ဓာရာရီပရဟိတဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၃၇၆)ဦးအား လက်ဆေးစင်(၁)ခု၊ ဆပ်ပြာ (၅၆) တောင့်၊ ထုံး (၉)အိတ်၊ ဗီနိုင် (၁)ချပ်အား စုရပ်စခန်းတာဝန်ရှိသူများထံသွားရောက် လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#rke_may2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events